လေလွင့်ခွေးတွေကို မသတ်ဖို့ ဆန္ဒပြ


2017.05.28
dog-protest-620.jpg လေလွင့်ခွေးတွေ မသတ်ဖို့ကို မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တိရိစ္ဆာန်ချစ်သူများကွန်ယက် အဖွဲ့ဝင်တွေ ဆန္ဒပြနေစဉ်
Photo: Kaung Htet Kyaw/ RFA

ရန်ကုန်မြို့က ပိုင်ရှင်မဲ့ လမ်းဘေးလေလွင့်ခွေးတွေကို အဆိပ်ကျွေးသတ်နေတာတွေ ရပ်တန့်ပေးဖို့အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တိရိစ္ဆာန်ချစ်သူများ ကွန်ယက် အဖွဲ့ဝင် အယောက် ၄၀ လောက်က ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။

လေလွင့်ခွေးတွေကို မသတ်ဘဲ သင်းကွပ်တာ၊ ခွေးရူးပြန် ကာကွယ်ဆေးထိုးတာ၊ သားဆက်ခြားတာ စတဲ့နည်းတွေနဲ့ ကာကွယ်သင့်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ သာကေတမြို့နယ်က မလဲက ပြောပါတယ်။

"လုပ်ဆောင်လို့ရပါတယ် အများကြီးပါ၊ ဒီခွေးတွေကို ထပ်မပွားအောင်လို့ပေါ့နော်၊ ခွေးမတွေဆိုလို့ရှိရင် သားဆက်ခြားတာလေ၊ အဲလိုမျိုး တားဆေးတွေဘာတွေ ထိုးလို့ရမယ်၊ နောက်ပြီးတော့ ခွေးတွေကို လည်း ခွေးရူးကာကွယ်ဆေးထိုးမယ်ဆိုရင် အဆင်ပြေမယ်"

အခုရက်ပိုင်းအတွင်း လေလွင့်ခွေးတွေကို အဆိပ်ကျွေးသတ်တာတွေ များပြားလာတယ်လို့ ဆန္ဒထုတ်ဖော်သူတွေ က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက လွှတ်တော်ကို ပြီးခဲ့တဲ့ မတ်လကတည်းက မေးခွန်းမေးမြန်းထားပေမယ့် လွှတ်တော်ကတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

တိရိစ္ဆာန်ချစ်သူများကွန်ယက်အနေနဲ့ လေလွင့်ခွေးတွေကို စောင့်ရှောက်ဖို့အတွက် လေလွင့်ခွေး ကယ်ဆယ်ရေး ဂေဟာတွေကို ဖွင့်လှစ်သွားဖို့လည်း ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။