ထန်းကုန်းရွာ ဒုက္ခသည်များအတွက် စစ်ကိုင်းအစိုးရ ဘိလပ်မြေလှူဒါန်း
2013.09.10
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ထောင်စုတွေအတွက် စစ်ကိုင်းတိုင်းအစိုးရက ဘိလပ်မြေအိပ် သုံးရာကျော်ကူညီသလို၊ စစ်ကိုင်းတိုင်း ြကံ့ခိုင်ဖွံ့ြဖိုးရေးပါတီက သွပ်အမိုးအတွက် ငွေကူညီပြီး၊ နေပြည်တော်က အစ္စလာမ်ဘာသာဝင်လုပ်ငန်းရှင်တွေကလည်း နေအိမ်တွေပြန်ဆောက်ဖို့ ကူညီတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒုက္ခသည်ကူညီရေးဆောင်ရွက်နေတဲ့ ထန်းကုန်းရွာက အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးမောင်မောင်က RFA ကိုအခုလိုပြောပါတယ်။
“ပြန်လည်တည်ဆောက်ပေးဖို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကနေ ဘိလပ်မြေ ၃၁၉ အိတ် ပို့ထားပါတယ်ခင်ဗျ၊ ပြည်ထောင်စု ြကံ့ခိုင်ရေးနှင့် ဖွံ့ြဖိုးရေးပါတီက သူရဦးအေးမြင့် စစ်ကိုင်းတိုင်းတာဝန်ခံပေါ့၊ သူကအိမ်ထောင်စုတစ်စုကို သွပ်အချပ် ၂၅ အတွက် ငွေ ၅ သောင်းစီ ပေးသွားပါတယ်၊ နေပြည်တော်က အစ္စလာမ်ဘာသာဝင်တချို့ ကယ်ဆယ်ရေးစခန်းကိုလာတယ်၊ ပေးသင့်ပေးထိုက်တာတချို့ပေးပြီးတော့ လူကြီးတွေနဲ့တွေ့သွားတယ်”
မီးလောင်သွားတဲ့အိမ် ၅၃ လုံးရှိပြီး၊ အခုတော့ အိမ်တွေပြန်ဆောက်တော့မှာဖြစ်လို့ ေနအိမ်ခြံဝင်းတွေ ခတ်ထားလိုက်ပြီလို့ဆိုပါတယ်။ အဲဒီအိမ်တွေက လူဦးရေသုံးရာကျော်ကိုတော့ အစ္စလာမ်ဘာသာရေး အဆောက်အဦးမှာ ယာယီလက်ခံစောင့်လျှောက်ထားတယ်လို့ ဦးမောင်မောင်ကပြောပါတယ်။
ဒီပဋိပက္ခနဲ့ဆက်နွယ်ပြီး ဖမ်းထားတဲ့ လူ ၁ဝ ယောက်ထဲက ၆ ယောက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွှတ်လိုက်ပြီး၊ ကျန် ၄ ဦးကိုတော့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။