ဘိလပ်မြေစက်ရုံအလုပ်သမား ၂၀၀ ခန့် ဆန္ဒပြ


2018.08.12
2rhino-cement-factory-protest-622.jpg အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံက အလုပ်သမားတွေ ၂၀၁၈၊ သြဂုတ် ၁၂ ရက်နေ့က ဆန္ဒပြ တောင်းဆိုစဉ်
ဓါတ်ပုံ - မင်းသက်ထွေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်က ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ အလုပ်သမား ၂၀၀ ခန့်က မြို့တွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမဂ္ဂများအဖွဲ့ချုပ် မန္တလေးတိုင်းတာဝန်ခံ ကိုမင်းသက်ထွေးက အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။

"စက်ရုံမှာက လုပ်သက်ခွင့် ရှောင်တခင်ဆေးခွင့် ဥပဒေပါအခွင့်အရေးနဲ့ ပတ်သက်ပြီး တစ်ခုမှ မရပါဘူး၊ တစ်ရက်ကို လုပ်ခလစာ တွက်တဲ့အခါမှာ တခါတလေကျရင် ၆၀၀ လောက် ရတဲ့ ရက်လည်းရှိတယ်၊ တစ်ကျပ်မှ မရတဲ့ ရက်လည်းရှိတယ်၊ အဲ့ဒါတွေကို စက်ရုံကဖြည့်မပေးတာတွေလည်း ရှိတယ်တဲ့။ အဲ့ဒါကြောင့် အခုလို တောင်းဆိုဆန္ဒပြတာ လုပ်ဖြစ်တာပါ"

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်က လိုက်လျောမပေးမချင်း ဆက်လက်တောင်းဆိုသွားမယ် လို့ ပြောပါတယ်။

အဲဒီ ဆန္ဒဖော်ထုတ်ပွဲမှာ တခြားစက်ရုံက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။