မြန်မာ-အိန္ဒိယ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပမည်
2019.06.10

မြန်မာနဲ့ အိန္ဒိယ အဆင့်မြင့်ဆွေးနွေးပွဲတရပ် အင်ဖားမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကျင်းပမယ်လို့ သိရပါတယ်။
မြန်မာဘက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦး ဇွန်လ ၉ ရက် မနေ့က မိုးရေးမြို့ကိုရောက်ရှိခဲ့ကြပါတယ်။
အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။
အိန္ဒိယရဲ့ အရှေ့ထိတွေ့ မူဝါဒအရ အခုနှစ်ပိုင်းတွေအတွင်း မြန်မာအပေါ် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေ တိုးချဲ့ပေးခဲ့တယ်လို့ The Hindu သတင်းစာက ဖေါ်ပြပါတယ်။
မကြာခင်ကာလတွေက ဗုဒ္ဓဂါယာကို ဘုရားဖူးသွားခဲ့ကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေက အိန္ဒိယကို အဝင်မှာ မလိုအပ်တဲ့ ခရီးသွားလာခွင့် အထောက်အထားပြဿနာတွေ၊ တောင်ထူထပ်တဲ့ မိုးရေးနဲ့ အင်ဖားလမ်း အခြေအနေတွေ ဆိုးရွားနေကြောင်း တိုင်ကြားချက်တွေ ရရှိထားတယ်လို့လည်း သိရပါတယ်။