NLD အစိုးရက နောက်ကြောင်းပြန် အရေးယူမှာ မဟုတ်လို့ ဒေါက်တာ မျိုးအောင်ပြောကြား


2016.06.24
dr-myoaung-meeting-620.jpeg နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်(ပင်နီအင်္ကျီ)နဲ့ မြို့ခံတွေ ဇွန်လ ၂၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှာ တွေ့ဆုံကြစဉ်
Photo: Win Naung Toe/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်တဲ့ အစိုးရအသစ်အနေနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က မှားယွင်းခဲ့တဲ့ကိစ္စတွေကို နောက်ကြောင်းပြန် အရေးယူဖို့ မရှိကြောင်း နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံရာမှာ ဒေါက်တာမျိုးအောင် က ပြောကြားခဲ့တာပါ။

"မြို့ပြစီမံကိန်းဖော်ဆောင်တဲ့အခါမှာ ဒါဟာပြီးခဲ့တဲ့အစိုးရက နေပြည်တော်သစ်ကြီးကို တည်ထောင်ရတာဆိုတော့ သူ့ရဲ့သက်မှတ်တဲ့အချိန်အတိုင်းအတာဖြင့် သူကတွန်းတွန်းတိုက်တိုက် လုပ်ခဲ့တဲ့အခါမှာ အမှားအယွင်းတွေ ရှိကောင်းရှိလိမ့်မယ်"

တွေ့ဆုံပွဲမှာ ဒေသခံတစ်ဦးက ပြီးခဲ့တဲ့ အစိုးရလက်ထက် နေပြည်တော် တည်ဆောက်ရေးကာလအတွင်း ဌာနဆိုင်ရာ အရာရှိတွေက လုပ်ပိုင်ခွင့်ကိုအသုံးချပြီး နေရာကောင်းတဲ့မြေကွက်တွေကို ရယူထားတဲ့အတွက် အရေးယူပေးဖို့ဆိုပြီး တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒေါက်တာမျိုးအောင်က နေပြည်တော် စီမံကိန်းတည်ဆောက်ရေးကာလအတွင်း သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြေရှင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်းနဲ့ တောင်သူတွေ အနေနဲ့လည်း စိတ်ရှည်သည်းခံစွာနဲ့ စောင့်ပေးဖို့လိုကြောင်းလည်း ထည့်သွင်းပြောပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ နေပြည်တော် တည်ဆောက်စီမံကိန်းတည်ဆောက်ခဲ့ရာမှာ ဒေသခံတောင်သူတွေ ရဲ့သိမ်းဆည်းခံလယ်ယာမြေကိစ္စ ၊ ဝန်ထမ်းအိမ်ယာတွေရဲ့ လုံခြုံရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်ပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။