အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီ အပြည့်အဝ မရတာ ရှိနိုင်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်ဆို


2019.01.26
dr-myonyunt-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အပြည့်အဝ မရသေးတဲ့အတွက် ဒီမိုကရေစီရပြီးသားနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့တူနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်မှုအောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပြည့်အဝ ဆောင်ရွက် မယ်လို့ ကတိပေးထားပေမယ့်၊ အရင် စစ်အစိုးရ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတိုင်း လက်ရှိအစိုးရက ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ပြောလိုက် တာနဲ့ပတ်သက်လို့ အာဏာရပါတီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မေးတဲ့အခါ၊ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က အခုလိုပြောတာဖြစ်ပါတယ်။

"အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ကဏ္ဍအသီးသီးမှာ ပြည်သူ့ကိုယ်စားပြု ကိုယ်စား လှယ်တွေ အပြည့်အဝ လုပ်ပိုင်ခွင့်ရလာမှသာ ဒီမိုကရေစီစနစ်ဟာ ဒီထက်ပိုပြီး ပီပြင်လာမယ်၊ ခုအခြေ အနေမှာတော့ Transitional ကြားခံ အပြောင်းအလဲအချိန်ဆိုတော့ ဒီလိုပဲ အပြည့်အဝ မရတာတော့ရှိ နေမယ်" လို့ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တော်တော်နဲ့မဖြစ်နိုင်သေးဘူးလို့ မစ္စ ယန်ဟီးလီ ပြောလိုက်တာနဲ့ပတ်သက်လို့တော့ "ဒုက္ခသည်တွေပြန်ပို့ဖို့အရေးဟာ တပ်မတော်ထက်၊ အိမ်နီးချင်းနိုင်ငံတွေ၊ နောက်ပြီးတော့ ရွှေ့ပြောင်းသွားတဲ့သူတွေကြားထဲမှာ အကြမ်းဖက် ခြိမ်းခြောက်မှုမရှိတာတွေ၊ ဒါတွေပေါ် ပိုပြီးမူတည်လိမ့်မယ်" လို့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။