ဒေါက်တာ နန်းမွေစံ အယူခံဝင်မည်


2019.06.15
nangmwesan-622.jpg မြန်မာနိုင်ငံဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ဆမ ကိုပိတ်သိမ်းလိုက်တဲ့ ဒေါက်တာ နန်းမွေစံ ကို တွေ့ရစဉ်
Photo: Nang Mwe San -fb

မြန်မာနိုင်ငံဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ဆမ ကိုပိတ်သိမ်းလိုက်တဲ့ ဆရာဝန်မ တစ်ဦးလည်းဖြစ် မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ နန်းမွေစံက အယူခံဝင်မယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံ ဆေးကောင်စီက ဇွန်လ သုံးရက်နေ့ကထုတ်ပြန်တဲ့စာမှာ နန်းမွေစံဟာ လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်မှာ မြန်မာယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့်ဖြစ်တယ်လို့ ရေးသားထား ပါတယ်။ နန်းမွေစံကို ဆေးကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း သတိပေးစာတစ်ကြိမ်ထုတ်ပြန်ခဲ့ပါတယ်။

နန်းမွေစံက ရိုက်တာသတင်းဌာနကိုပြောဆိုရာမှာ ဆေးကောင်စီကစာကြောင့် အံသြဝမ်းနည်းရပါတယ်လို့ ပြောပြပြီး သူလူနာတွေနဲ့ တွေ့ဆုံစဉ် ဒီလိုဝတ်စားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဆေးကုသခြင်းလည်းမရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။