ဒေါက်တာဒေါ်ညိုညိုသင်း NLD ပါတီကနေ ရွေးကောက်ပွဲဝင်မည်


2015.07.18
dr-nyonyothin-620 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကိုတွေ့ရစဉ်
Photo: RFA

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းဟာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြော ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကနေ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

"အန်တီကတော့လေ အခုဒီလာမယ့်ရွေးကောက်ပွဲမှာ အန်တီတို့ ဒီမိုကရေစီအင်အားစုတွေ ညီညွတ်ဖို့ လိုတယ်ပေါ့နော်၊ ဒီမိုကရေစီအင်အားစုတွေက အင်အားကြီးကြီးမားမားနဲ့ လွှတ်တော်ထဲကိုဝင်သွားဖို့လိုတယ်၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီအင်အားစုတွေ အင်အားစုအနိုင်ရရေးအတွက်ကို အန်တီက အခုလိုမျိုး ဆုံးဖြတ်ချက် ချလိုက်တယ်နော်၊ အဲ့ဒီတော့ အန်တီတို့ ဗဟန်းမှာ စဉ်းစားထားပါတယ်၊ လွှတ်တော်ကတော့ ပြည်သူ့ လွှတ်တော်ပေါ့နော်၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ အပြောင်းအလဲတွေလည်း ရှိကောင်းရှိနိုင်တာပေါ့နော်"

ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ရရှိထားသူ ဒေါ်ညိုညိုသင်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြုပြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေက တဆင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ ကနေ ဝင်ရောက်အရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးနောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကနေ နှုတ်ထွက်လိုက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ဒေါက်တာဒေါ်ညိုညိုသင်းကို RFA အဖွဲ့သူ မသင်းသီရိဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။