NCA ကိုပြင်မယ်လို့ ငြိမ်း ကော်မရှင်ပြောကြား


2016.07.30
tinmyowin-wa-620.jpg ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ "ဝ" အထူးဒေသ ၂ က ဦးပေါက်ယူယိ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ဇူလိုင်လ ၃ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Win Naung Toe/RFA

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ဟာ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကြံပေးကူညီဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တွေဆုံပွဲအပြီးမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။

"တရုတ်ကိုယ်စားလှယ်နဲ့ သူတို့ UN ကိုယ်စားလှယ်ပေါ့လေ၊ သူတို့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးတယ်ဆိုတာကိုပဲပြောပါတယ်၊ ငြိမ်းချမ်းရေးအတွက် မိုင်ဂျာယန်မှာ လက်နက်ကိုင်အဖွဲ့ အစည်းတွေရော၊  ခုနကပြောတဲ့ UN ကကိုယ်စားလှယ်တွေရော တရုတ်က ကိုယ်စား လှယ်တွေရော ဆွေးနွေးတယ်ဆိုတာကောင်းပါတယ်၊ ငြိမ်းချမ်းရေးက အဓိကပဲ၊ အထူးသဖြင့် ကျနော်တို့ နယ်က အဓိကပဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ဆက်လက်ပြီးတော့ တတ်နိုင် သလောက်ကူညီပါ၊ အကြံပေးပါ၊ ဒါပဲပြောလိုက်ပါတယ်"

Mr. Vijay Nambiar ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မိုင်ဂျာယန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေး ကအပြန်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီကနေ့လာရောက်တွေ့ဆုံတာပါ။

ပြည်နယ်အစိုးရအဖွဲ့နဲ့ မတွေ့ဆုံခင်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့လည်း ဒီကနေ့ မနက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar အရင် အစိုးရလက်ထက်က ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ကို လာရောက်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ ဒါပထမဆုံးအကြိမ် လာရောက်တွေ့ ဆုံတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။