ရခိုင်အရေးမှာ အမှားလုပ်ထားတာ မရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင် ပြော


2018.10.21
dr-zawmyintmaung-mogok-622.jpg မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မိုးကုတ်မြို့ ဒေသခံတွေနဲ့ တေ့ွဆုံစဉ်
Photo: Mandalay Information Committee NLD

ရခိုင်အရေးနဲ့ပတ်သက်ပြီး NLD အစိုးရ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အမှားလုပ် ထားတာ မရှိကြောင်း NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ မိုးကုတ်မြို့မှာ ဒေသခံပြည်သူတွေနဲ့ တေ့ွဆုံစဉ် ပြောလိုက်ပါတယ်။

ဒါ့အပြင် NLD အစိုးရဟာ နှစ်ပေါင်းများစွာ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ အခုလို စီမံခန့်ခွဲနိုင်တဲ့နေရာကို ရလာတယ် ဆိုတာကို အခုချိန်မှာ မြန်မာအစိုးရကို ဖိအားမျိုးစုံပေးနေတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက မေ့နေတယ်လို့လည်း ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာက ဖိအားပေးနေတာတွေနဲ့ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း နိုင်ငံတကာ သံတမန်တွေကိုလည်း ခေါ်ယူရှင်းလင်းမှုတွေ လုပ်နေကြောင်း၊ ယနေ့ခေတ်အချိန်ဟာ သက်သေအထောက် အထားပြမှ လက်ခံရတာဖြစ်ကြောင်း၊ အစိုးရအမှားလုပ်ထားတာ သက်သေအထောက်အထား ပြစရာမရှိကြောင်း၊ နှုတ်နဲ့ အလွယ်တကူ စွပ်စွဲနေကြတာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ ပါတယ်။

အခုလို အခြေအနေမျိုးမှာ နိုင်ငံကိုမဖွံ့ဖြိုးစေချင်သူတွေနဲ့ ဖိနှိပ်နေသူတွေရှိပေမယ့် ပြည်သူတွေရဲ့ အင်အားနဲ့ ကျော်လွှားသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုတဲ့ပါတီဖြစ်ပြီး ဗမာတွေ လွှမ်းမိုးတဲ့ပါတီမဟုတ်ကြောင်းကိုလည်း ဒီနေ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။