ဒါရိုက်တာ မိုက်တီး ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိ
2018.08.16
ဒါရိုက်တာ မိုက်တီး ( ခေါ် ) သန်းထွန်းဇော် ကို သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက တာမွေမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက ၃ ရှေ့မှာ ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက မော်တော် ယာဉ်တွေကို ပိတ်ဆို့ စစ်ဆေးရာ အခုလို တွေ့ရတာလို့ သိရပါတယ်။
လက်ရှိမှာ ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။