မူးယစ်ဆေးစွဲသူတွေကို တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ မှာ ဆေးဖြတ်ကုသပေး
2016.09.13

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ ကျန်းမာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲသူတွေကို မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဖြတ်ကုသပေးနေပါတယ်။
ဆေးစွဲနေတဲ့လူတွေကို ဖမ်းဆီးတာတွေ မလုပ်ဘဲ ဆေးဖြတ်ပေးနေတယ်လို့ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အဓိကတော့ ဘယ်ဆေးဘဲသုံးသုံးပေါ့နော် မူးယစ်ဆေးစွဲရင် လာဖြတ်ဖို့အတွက် လိုက်ပြီးကွင်းဆင်း ပြီး ဟောပြောပွဲတွေဘာတွေမှာ မြို့နယ်ရဲတပ်ဖွဲ့တွေ ကျန်းမာရေးအဖွဲ့တွေက ပြောတာပေါ့ ၊ ပြောတော့ကျတော့ ရွာကလူတွေက လာဖြတ်တာပေါ။ တချို့ပေါ့ ကြောက်တာပေါ့နော်၊ မူးယစ်ဆေး ဝါးသုံးတယ်ဆိုတော့ ဖမ်းမှာစိုးရိမ်လို့ အမှန်တကယ်က မဖမ်းပါဘူးဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေရော MANA အဖွဲ့တွေရော ပြောထားတယ်"
တနင်္သာရီမြို့နယ်မှာ မူးယစ်ဆေးဝါး ဆေးဖြတ်ကုသမယ့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၆ ဦကို ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာန ဆေးဖြတ်ကုသပေးနေသလို နောက်ထပ် ဆေးဖြတ်လိုသူတွေရှိရင် လာရောက် ကုသဖို့ ကျေးရွာတွေအထိ အသိပေးနေပါတယ်။
တနင်္သာရီမြို့နယ်မှာ ဒေသထွက် ဘိန်းစာမှုန့်သုံးစွဲတာများပြားပေမယ့် အဆင့်မြင့်ဆေးဝါးတွေဖြစ်တာကြောင့် ပြင်ပ လူနာအနေနဲ့ ဆေးဖြတ်ကုသပေးနေပါတယ်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်တွေမှာလည်း မူးယစ်ဆေးဖြတ်ကုသတာတွေ ပြု လုပ်ပေးနေပြီဖြစ်ပါတယ်။