DVB သတင်းထောက် ကိုဇော်ဖေကို လွှတ်ပေးဖို့ ထောင်ဒဏ်လျှော့ပေါ့


2014.07.03
dvb-reporter-305.jpg DVB သတင်းထောက် ကိုဇော်ဖေကို သူ့မိသားစုနဲ့ အတူ တွေ့ရစဉ်
photo: DVB TV News Facebook

ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရတဲ့ ဒီမိုကရက် တစ် မြန်မာ့အသံ DVB ရဲ့ နယ်သတင်းထောက် ကိုဇော်ဖေကို မကွေးတိုင်းတရားရုံးက ပြစ်ဒဏ် ၃ လသာ ကျခံဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ် ၃ လသာ ကျခံရမှာဖြစ်တာကြောင့် ကိုဇော်ဖေ ဟာ မနက်ဖြန်မှာ သရက်ထောင် ကနေ ပြန်လည် လွတ်မြောက်လာမှာဖြစ်ကြောင်း DVB သတင်းဌာန ရဲ့ မြန်မာပြည်ရုံးတာဝန်ခံ ဦးတိုးဇော်လတ်က ပြော ပါတယ်။

"ဒီမနက် ကိုဇော်ဖေ အမှုကို ၃ လ သတ်မှတ်လိုက် ပါတယ်၊ တကယ်ကတော့ ၆ ရက်နေ့မှ ၃ လပြည့် တာ၊ စနေ၊ တနင်္ဂနွေခံနေရင် သောကြာနေ့ လွှတ်ပေးရ ပါတယ်၊ မနက်ဖြန် သရက်ထောင်က လွတ်ပါလိမ့် ခင်ဗျ၊ စဖမ်းကတည်းက ဒီဥစ္စာ မတရားဖမ်းတာ၊ ပိုက်နက်ကျူးလွန်မှုလည်း မမြောက်ဘူး၊ ဝတ္တရားနှောင့် ယှက်မှုလည်း မမြောက်ဘူး၊ ပုဒ်မ ၂ ခုနဲ့ဖမ်းတာပါ၊ ဥပဒေကြောင်းအရ အဆင့်ဆင့်အယူခံတင်ခဲ့တာပါ၊ မြို့နယ်တရားရုံးကိုသွားတယ်တယ်၊ ချက်ချင်းကိုပယ်ချလိုက်တယ်၊ တိုင်းတရားရုံးအထိလှမ်းတင်တယ်၊ ပထမဆုံးအကြိမ်အဖြစ် လက်ခံပြီးတော့ ပြန်ကြားနာပြီး ဒီအမှုကို ၁ နှစ်ကနေပြီး ၂ လ ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်တယ်လို့ပြောတာပဲ"

ကိုဇော်ဖေဟာ လွန်ခဲ့တဲ့၂၀၁၂ခုနှစ် သြဂုတ်လက မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှာ သွားရောက်သတင်းယူစဉ် ရုံးဝန်ထမ်းနဲ့ အဆင်မပြေဖြစ်ရာကနေ ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတို့နဲ့ တရားစွဲခံရပြီး ဒီနှစ် ဧပြီလ ၇ ရက်နေ့က မကွေးခရိုင်တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်တစ် မြန်မာအသံသတင်းဌာနက ကိုဇော်ဖေအတွက် အဆင့်ဆင့်အယူခံဝင်ရာကနေ ဒီနေ့ ထောင်ဒဏ် ၃ လသာ ကျခံစေဖို့ မကွေးတိုင်းတရားရုံးက ပြင်ဆင်အမိန့်ချခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။