ဝန်ထမ်းတွေ ကြိုတင်မဲပေးတာ မှားယွင်းမှုတွေရှိနေ


2015.10.30
naypyadaw-advance-vote-620.jpg နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်၂ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်ရုံးတို့ မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က ကြိုတင်မဲလာရောက်ပေးနေသော အစိုးရဝန်ထမ်းတချို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေးရာ ကြိုတင်မဲ ၂၃ မဲဟာ ဘောပင်နဲ့ သာအမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့အတွက် ဘယ်လိုဆက် လက်ဆောင်ရွက် ရမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အထိ  မဲရုံဝန်ထမ်းတွေနဲ့ တခြား အစိုးရဝန်ထမ်းတွေ ကြိုတင်မဲစတင်ပေးနိုင်ပြီ လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထား တာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုမဲပေးတဲ့အခါ အရင်လို အမှန်ခြစ်လို့မရဘဲ တံဆိပ်တုံးထု မဲပေးကြရတာ ဖြစ် ပါတယ်။

နေပြည်တော်က ဇေယျသိဒ္ဓိ၊ ဘောဂသိဒ္ဓိ၊ မင်္ဂလာ သိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ သုခသိဒ္ဓိ တို့မှာ ကြိုတင်မဲတွေ ပေးနေကြတာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်ပျဉ်းမနားမြို့ရန်အောင်၂ ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ဇေယျသိဒ္ဓိ ရပ်ကွက် ကော်မရှင်ရုံးတို့မှာ ကြိုတင်မဲတွေ လာရောက်ပေးနေတာကိုတွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။