အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ်ရှေ့ မှာ ကျောင်းသားတွေ ဆန္ဒပြ


2014.09.10

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၂၀လောက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဒီနေ့ ဟောပြောခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း ဒီနေ့ ဟောပြောပွဲမှာပါဝင်ခဲ့တဲ့ မွေးမြူရေး ဆေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုဇေယျာဝင်းထိုက်က အခုလို ပြောပါတယ်။

"အဓိကကတော့ ဆရာနဲ့ သမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေအားလုံးကို လွတ်လပ်စွာဖွဲ့စည်းခွင့် လိုချင်တယ်၊ မိခင်ဘာသာစကားမှာဆိုလို့ရှိရင် တိုင်းရင်းသားဘာသာစကားကို ဖြည့်ဆည်းရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကျောင်းထားရန် လွှတ်တော်ကို ကျနော်တို့ တင်လိုက်တဲ့ သဘောထားမပါသွားဘူး၊ လွှတ်တော်ကပြန်ထွက်လာတဲ့ မူကြမ်းမှာကျတော့ ကျနော်တို့ တောင်းဆိုထားတဲ့တစ်ခုမှ ဘောင်မဝင် လာဘူး၊ ဒီဥပဒေ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာတွေနဲ့ တောင်းဆိုထားတဲ့သဘောထားတွေ မပါဝင်ဘူးဆိုတာတွေ ကျနော်တို့က ဥပဒေစာရွက်ထဲမှာပါတဲ့ ဘယ်အချက်က မကောင်းဘူးဆိုတာတွေ ကျနော်တို့က ဟောပြောတာပါ"

အဲ့ဒီဟောပြောပွဲမှာ ဒဂုံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ မွေးမြူရေး ဆေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေပါဝင်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဌာနက ရေးဆွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။