ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ် လုံခြုံရေး တိုးမြှင့်မည်


2015.10.18

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တစ်လျှောက်မှာ တပ်မတော်လုံခြုံရေး အင်အားတွေကို တိုးမြှင့်ချထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်တစ်လျှောက်မှာ အခုလ နောက်ဆုံးပတ် မှာ တပ်ရင်း ၁၂ ခုလောက်အထိ တိုးမြှင့်ချထားဖို့ ပြင်ဆင်ထားတယ်လို့ အမည်မဖော်လိုတဲ့ တပ်မတော် အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲကာလအတွင်း နယ်စပ်ဒေသတွေကနေ တစ်ဆင့် အဖျက်အမှောင့်သမားတွေ ဝင်ရောက်မလာနိုင်ဖို့အတွက် အခုလို စစ်တပ်နဲ့ လုံခြုံရေး တိုးမြှင့်ဖို့ ပြင်ဆင်ထားတာ လို့လည်း သိရပါတယ်။

တပ်မတော်လုံခြုံရေးတွေကို အခုလ ဒုတိယပတ်အတွင်းကနေ စတင်ပြီးချထားဖို့ စီစဉ်ခဲ့ပေမဲ့၊ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ ဘက်က တင်ပြချက်တွေအရ လုံခြုံရေးတိုးမြှင့်မယ့် အစီအစဉ်ကို အခုလ နောက်ဆုံးပတ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။