ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2015.08.08
dassk-bogo-620 ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့မဈေးရှေ့မှာ သြဂုတ်လ ၇ ရက်နေ့က ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်
Photo: Kyaw Htoon Naing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဒီနေ့ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ၁၄ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ အောင်နိုင်ရေး အဖွဲ့ဝင်တွေနဲ့ တောင်ငူမြို့မှာ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်း ပြောကြားခဲ့တာလို့ အစည်းအဝေးတက်ရောက်ခဲ့သူ NLD ကိုယ်စားလှယ်လောင်း ဦးမင်းဦးက ပြောပါတယ်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တည်းကလည်း ကိုယ့်အောင်နိုင်ရေးတစ်ခုတည်းကို ဆောင် ရွက်တာမဟုတ်ပဲနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း ကိုယ့်အောင်နိုင်ရေးတစ်ခုတည်း ကို ဆောင်ရွက်တာမဟုတ်ပဲနဲ့ တစ်မြို့နယ်လုံးအောင်နိုင်ဖို့ တနည်းပြောမယ်ဆိုလို့ရှိရင် ပါတီအောင်နိုင်ရေး ကိုရှေးရှုပြီးတော့ အပြန်အလှန်ကိုယ်စားလှယ်လောင်း ရာထားတဲ့သူတွေဟာ ညီညီညွတ်ညွတ် စည်းစည်းရုံးရုံး နဲ့ မြို့နယ်အောင်နိုင်ရေး ပါတီအောင်နိုင်ရေးကို ဆောင်ရွက်ဖို့ပြောတာပါ"

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကစတင်ပြီး ပဲခူးတိုင်းအတွင်းက မြို့တွေမှာ ဒေသခံလူထုနဲ့ တွေ့ဆုံနေတာဖြစ်ပြီး မနက်ဖြန်မှာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူနဲ့ ညောင်ဦးမြို့နယ်တွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။