ရွေးကောက်ပွဲ သတင်းယူရေး စည်းမျဉ်း ပူးပေါင်းရေးဆွဲဖို့ သဘောတူညီ
2014.10.22

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလမှာ သတင်း မီဒီယာသမားတွေ လိုက်နာရမယ့် စည်းမျဉ်းစည်း ကမ်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သတင်းမီဒီယာသမားတွေ ပူးပေါင်းရေးဆွဲသွားမယ်လို့ သိရပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတွေ ဆွေးနွေးပွဲမှာ သဘောတူ ခဲ့တာလို့ ကောင်စီအဖွဲ့ဝင် ဦးကိုကိုကပြောပါတယ်။
"ရွေးကောက်ပွဲဆိုင်ရာ အချက်တွေပေါ့နော် သတင်းယူရာမှာ ဆောင်ရွက်ရမဲ့အချက်တွေကို မီဒီယာတွေနဲ့ ကော်မရှင်နဲ့ ပူးပေါင်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ဖို့ ဒါဟာလည်း ကော် မရှင်အနေနဲ့ ဒီလိုသက်ဆိုင်တဲ့ သူတို့တခြားသော အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီးတော့ တိုင်ပင်တယ်၊ ပြီးရင်အကြောင်းပြန်မယ်လို့ ပြောပါတယ်၊ ဒါဟာလည်း ဒီလပိုင်းအတွင်းမှာ အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်"
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက တဆင့်မဟုတ်ပဲ မီဒီယာအားလုံး တပြေးညီရရှိဖို့အတွက်ကိုလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကာလမှာ မဲပေးတာကိုမထိခိုက်ရင် လွတ်လပ်စွာ သတင်းရယူခွင့်ပေးသွားမှာဖြစ်ကြောင်းနဲ့ ပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှှုတွေ လိုအပ်ကြောင်း ကော်မရှင်ဥက္ကဌ က ပြောခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်