ကိုယ်စားလှယ်လောင်းအများဆုံး ယှဉ်ပြိုင်မယ့် သုံးပါတီ


2020.09.18
nld-udp-nld-622.jpg ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ခံကိုယ်စားလှယ်လောင်း အများဆုံးပါတီ သုံးပါတီ အမှတ်တံဆိပ်။
Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ  လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ခံကိုယ်စားလှယ်လောင်း အများဆုံးပါတီ သုံးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP တို့ ဖြစ်ပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ခံ ကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၁၁၅၂ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၈၈၆ ဦး အနိုင်ရရှိခဲ့ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကတော့ NLD လိုပဲ ရွေးကောက်ခံကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာထားတာပါ။ UDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

USDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကိုယ်စားလှယ်လောင်း ၁၁၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၁၇ ဦး အနိုင်ရခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်ပေါင်းအတွက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၈၈၉ ဦးနဲ့၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာတွေကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။