NLD ကိုယ်စားလှယ် ၄၉၀ ရရှိနေ
2015.11.11

အထွေထွေရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ဒီကနေ့ နိုဝင်ဘာ (၁၁) ရက်နေ့မှာ တတိယမြောက်နေ့အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်၊
ဒီကနေ့ ညနေပိုင်းအထိ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၁၇၉ ယောက်၊ အမျိုးသားလွှတ်တော်က ၇၇ ယောက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ၂၃၄ ယောက် စုစုပေါင်း ၄၉၀ ဦးနဲ့ အနိုင်ရနေတာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ၁၇ ယောက်၊ အမျိုးသားလွှတ်တော် ၄ ယောက်နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်အတွက် ၂၆ ယောက် စုစုပေါင်း ၄၇ ဦး ရရှိနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၁၁ ယောက်၊ ပြည်နယ်အတွက် ၇ ယောက် ရရှိနေပါတယ်။ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၃ ယောက် အနိုင်ရနေပြီး ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အတွက် ၂ ယောက် ၊ အမျိုးသားလွှတ်တော်အတွက် ၁ ဦး၊ ပြည်နယ်အတွက် ၁ ယောက် အနိုင်ရနေပါတယ်။
ကရင်ပြည်သူ့ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေကလည်း လွှတ်တော် ၁ နေရာ ၂ နေရာစသဖြင့် အနိုင်ရနေပါတယ်။