ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ ဂျပန် စေလွှတ်မည်


2015.09.08
fumio-kishida-620.jpg ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio kishida ပုံ
Photo: www.talkvietnam.com

မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ပံ့ပိုးကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖုမီအို ကီရှီဒါ ကပြောပါတယ်။

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယိုဟီ ဆာဆာကာဝါ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်မှာဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို နိုဝင်ဘာလဆန်းပိုင်းမှာ စေလွှတ်မှာဖြစ်ပြီး ငါးရက်တာ စောင့်ကြည့်လေ့လာမယ်လို့ သိရပါတယ်။

မြန်မာ့ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိအောင် လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးမှာဖြစ်ကြောင်း၊ ဒီရွေးကောက်ပွဲ အောင်အောင်မြင်မြင် အထမြောက်သွားပြီး၊ ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာရေးအတွက် ကြီးကြီးမားမား အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖုမီအို ကီရှီဒါ က ပြောပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရေဘေးအတွက်လည်း အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။