Eleven ကို တိုင်းအစိုးရ တရားစွဲထားတာ ပြန်လည်ရုပ်သိမ်း
2018.11.09

Eleven Media က သတင်းသမား ၃ ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတဲ့ အမှုကို ဒီနေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ဒီနေ့တာမွေမြို့နယ် တရားရုံးချိန်းမှာ ဒီကိစ္စကို စာနယ်ဇင်းကောင်စီမှာ ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်တာကြောင့် အမှုကို ပြန်လည်ရုပ်သိမ်းတဲ့ အကြောင်းကြားစာကို ပေးပို့လိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်တွင်းရုပ်သံ သတင်းဌာနတွေဖြစ်တဲ့ MRTV၊ MRTV-4၊ Skynet၊ MITV သတင်းဌာနတွေမှာ Eleven မီဒီယာကို တရားစွဲထားမှု အခြေအနေကို နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ မနေ့က ပြောဆိုထားပြီး Eleven သတင်းမီဒီယာအနေနဲ့ ပြန်လည်တောင်းပန်ဖို့ တောင်းဆိုထားပါတယ်။
အဲဒီအချက်ကို မလိုက်နာဘူးဆိုရင်တော့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။