ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို
2011.03.29

ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရရဲ့ ဒီပိုက်လိုင်းစီမံကိန်းကြီးမှာ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း အတင်အချ ပြုလုပ်နိုင်မဲ့ ရေနက် ဆိပ်ကမ်းတခုနဲ့ ဆီသိုလှောင်ကန်တခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တည်ဆောက်မဲ့ စီမံကိန်းတခုလည်း ပါဝင် ပါတယ်။
တရုတ်အစိုးရဟာ ဒီရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံနဲ့ ဓာတ်ငွေ့တွေကို သယ်ယူဖို့ စီစဉ်ထားပါတယ်။
ERI အဖွဲ့ရဲ့ အစီရင်ခံစာအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။
![]() |
ကောက်နုတ်တင်ပြချက် |
![]() |
အသံဖိုင်ယူရန် |