တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားဆွေးနွေးပွဲ ပြည်နယ် အစိုးရ ခွင့်ပြု


2013.09.17
shan_kayah_building_truth_305 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး ပွဲ ဖြစ်မြောက်ရေးအတွက် တွေ့ဆုံပွဲပုံ
Photo: RFA/Kyaw Myo Tun

ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင်အင်အားစုတွေ ပါဝင်ဆွေးနွေးကြမယ့် "ယုံကြည်မှုဖြင့် ြငိမ်းချမ်းရေးတည်ဆောက်ခြင်း" ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရက ကျင်းပခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ တိုင်းရင်းသားအဖွဲ့တွေကြားထဲ ယုံကြည်မှုရရှိရေးအတွက် အဓိကထားကျင်းပ တာဖြစ်တယ်ို့ ဆွေးနွေးပွဲဖြစ်ို့ စီစဉ်နေတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ဆွေးနွေးပွဲမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားတွေပြောကြမယ်၊ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေလည်း သိသွားနိုင်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘူးတဲ့အဖွဲ့တွေ၊ မသိသေးတဲ့သူတွေ အနည်းဆုံးတော့ သူတို့သိသွားကြမယ်၊ ကျနော်တို့က ဆုံးဖြတ်ချက်က အဓိကမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်တာကို အဓိကထားတာပေါ့၊ ယုံကြည်မှပဲ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ အဆင်ပြေမှာပါ၊ ဖိတ်ထားတာတော့ အများကြီးပဲ၊ တက်မည့်လူကိုတော့ မပြောနိုင်ဘူး၊ UNFC ကတော့ မတက်နိုင်တဲ့အကြောင်း ပြန်တယ်လေ”

ဆွေးနွေးပွဲမှာ ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSA ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေက တာဝန်ရှိသူတွေ၊ ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ြကီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ ပြုလုပ်မှာဖြစ်ြီး ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ၊ ရှမ်း၊ ကယား၊ မွန်ပြည်နယ် ဝန်ြကီးချုပ်တွေနဲ့ လွှတ်တော်ဥက္ကဌတွေကိုပါ ဖိတ်ကြားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။