မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှဖို့ ဥရောပနိုင်ငံများအဖွဲ့ တိုက်တွန်း
2019.06.08

ဥရောပနိုင်ငံများအဖွဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt ခရစ်ရှန် ရှမစ်ဒ် က ဥရောပ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာ အီးယူ စီးပွားရေးဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို လုပ်ငန်းရှင် ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။ မြန်မာပြည်ဟာ ထူးခြားစွာ ပြောင်းလဲတိုး တက်နိုင်တဲ့ အနေအထားမှာရှိပါတယ်လို့ သူက ပြောကြားရင်း တဆက်တည်းမှာပဲ မြန်မာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို အမြန်ဆုံး ဖြေရှင်းပေးဖို့လိုကြောင်း၊ ဖြေရှင်းနိုင်စွမ်းလည်းရှိတယ်လို့လည်း သူယုံကြည်ကြောင်းနဲ့ မိမိတို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဒီကိစ္စမှာ ပါဝင်ကူညီဖို့ အဆင့်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြဌာန်းခြင်း၊ နိုင်ငံခြားငွေလက်ခံမှုနဲ့ ကုမ္ပဏီ မှတ်ပုံတင်ရေးကိစ္စ စသဖြင့် စီးပွားရေးလာရောက်လုပ်ကိုင်သူတွေ အဆင်ပြေအောင် တိုးတက်ဆောင်ရွက်ခဲ့ မှုတွေကို ဥရောပ သံအမတ်ကြီးက ထောက်ခံပြောဆိုသွားပါတယ်။