အဓိကထား ကူညီပေးရမယ့် နိုင်ငံအဖြစ် မြန်မာကို EU က ယူဆ


2015.09.25
eu-ambassador-kachin-620.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့ Hotel Madira မှာ ၂၀၁၅ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က သတင်းမီဒီယာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia ကို တွေ့ရစဉ်
Photo:Kyaw Myo Min/RFA

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံစာရင်းထဲမှာရှိနေပြီး ဘက်ပေါင်းစုံမှာ လိုအပ်ချက်တွေရှိနေတဲ့အတွက် ဥရောပသမဂ္ဂနိုင်ငံများ EU ရဲ့ အဓိကထား အကူအညီပေးရမယ့် နိုင်ငံမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia က ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia က မြန်မာနိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ ဦးစားပေး အဆင့်မှာ ပါကြောင်းပြောလိုက်တာပါ။

"မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အဆင်းရဲဆုံးနိုင်ငံ LDC အဆင့်တိုင်းပြည် ဖြစ်ပါတယ်၊ ဘက်ပေါင်းစုံမှာ တိုးတက်ဖို့လိုအပ်တာကြောင့် ဥရောပသမဂ္ဂရဲ့ ဦးစားပေးနိုင်ငံ စာရင်း ထဲမှာရှိပါတယ်၊ ပြီးပြည့်စုံတယ်လို့မဆိုနိုင်ပေမယ့် မိမိတို့အနေနဲ့ ယုံကြည်တာက ဒီတိုင်းပြည်မှာ မှန်ကန်တဲ့ လမ်းကြောင်း အတိုင်း ပြောင်းလဲနေတာကို မြင်တွေ့ရပါတယ် လို့သံအမတ်ကြီးက ပြောခဲ့တာဖြစ်ပါတယ်"

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံသားတွေကသာ အဓိကကြိုးစား ဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံတကာအကူအညီတွေဆိုတာဟာလည်း အားလုံး ပြီးပြည့်စုံအောင်တော့ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးအဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက်စောင့်ကြည့်ခွင့်ပြုခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။

သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပူတာအိုမြို့က လုံးစွတ်ရပ်ကွက်မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သလို မြို့မိမြို့ဖတွေ၊ လူမှု အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။