ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ EU စေလွှတ်မည်
2015.09.29
မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲအတွက် EU ဥရောပသမဂ္ဂ က ပထမဆုံးအကြိမ် ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်မယ်လို့ မနေ့က ပြောပါတယ်။
အဲဒီအဖွဲ့မှာ ရွေးကောက်ပွဲ စိစစ်သုံးသပ်သူ ပညာရှင် ၉ ဦး၊ ရက်တို စောင့်ကြည့်လေ့လာမယ့်သူ ၆၂ ဦး၊ ရက်ရှည်စောင့်ကြည့်လေ့လာမယ့်သူ ၃၀ ပါဝင်မယ်လို့ EU ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့ပြင် EU သံတမန်တွေနဲ့ ဥရောပ ပါလီမန်က သီးခြားလေ့လာရေး အဖွဲ့တစ်ဖွဲ့လည်း မဲပေးပုံကို လာရောက်လေ့ လာကြမှာဖြစ်ကြောင်းလည်း ပါရှိပါတယ်။
အခုလို မြန်မာ့ရွေးကောက်ပွဲကို လေ့လာရေးအဖွဲ့ စေလွှတ်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် ဥရောပသမဂ္ဂအနေနဲ့ ဆက်လက်နှစ်မြုပ်ဆောင်ရွက်နေတယ်ဆိုတဲ့ သက်သေသာဓ ကဖြစ်ကြောင်း၊ ပါဝင်သင့်သူအားလုံးပါဝင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပတဲ့ရွေးကောက်ပွဲဟာ နိုင်ငံ မှာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း EU နိုင်ငံခြားရေးရာဌာန အကြီးအကဲက ကြေညာချက်မှာ ပြောဆိုထားပါတယ်။