မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ အီးယူစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် တိုက်တွန်း


2015.11.08
eu-voters-620.JPG အီးယူ ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က နိုဝင်ဘာလ ၈ ရက်နေ့က သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားနေစဉ်
Photo: Myo Zaw Ko/RFA

ဆန္ဒမဲတွေကိုရေတွက်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရှိရေးဟာ အရေးကြီးကြောင်း အီးယူ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ အီးယူ အဖွဲ့ရဲ့ လေ့လာရေးလုပ်ငန်းတွေ အကြောင်းကို ဒီကနေ့ နေ့လည်က သတင်းမီဒီယာသမားတွေကို ရှင်းပြစဉ်မှာ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်ကြောင်း Mr. Lambsdorff က အခုလို ပြောလိုက်တာပါ။

"ပွင့်လင်းမြင်သာမှုဆိုရာမှာ မိမိတို့ အီးယူလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင်တွေဟာ မဲရုံတွေမှာ မဲရေအတွက်တဲ့အချိန် စောင့်ကြည့်လေ့လာခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေလည်း အဲဒီလို ရေတွက်တာကို စောင့်ကြည့်ခွင့်ရှိရမှာ ဖြစ်ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ မဲပေးတာနဲ့ မဲရေတွက်တာကို လေ့လာခွင့်ရရှိတာဖြစ်ပြီး အီးယူအဖွဲ့နဲ့ ကျန်တဲ့လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ လည်း မဲရုံတွေမှာ စောင့်ကြည့်ခွင့်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အီးယူလေ့လာစောင့်ကြည့်တဲ့အဖွဲ့ဟာ တပ်မတော်တပ်ရင်းတွေမှာရှိတဲ့ မဲရုံတွေကိုလည်း စောင့်ကြည့်ခွင့် ရတယ်လို့ ပြောပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ဦးဝင်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။