နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေက လှူ
2012.03.06

တစ်ယောက်ကို ငွေ ၁ သောင်းနဲ့ စာအုပ် ၃ အုပ်စီ ပေးအပ်ခဲ့တာပါ။ အဲဒီလို ကူညီနိုင်ဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ ပြီးခဲ့တဲ့လက ကျိုက္ကဆံဘုရားပွဲမှာ “စည်းချက်ညီ” ဆိုတဲ့ အမည်နဲ့ ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့သလို အခုလည်း ရွှေတိဂုံဘုရားပွဲမှာ ဆိုင်ခင်းရောင်းချနေပါတယ်။
ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အနုပညာလက်ရာတွေကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက စာပေလောကစာအုပ်တိုက် အပေါ်ထပ်မှာ လာမယ့် မတ်လ ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အန်အယ်လ်ဒီလူငယ်တွေ ဖွဲ့စည်းထားတဲ့ BG သွေးကူညီရေးအဖွဲ့ကလည်း ရွှေတိဂုံဘုရားပွဲမှာ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပနေပါတယ်။ အဲဒီကရတဲ့ အမြတ်ငွေကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် မြရည်နန္ဒာလမ်းမှာ သူတို့အဖွဲ့က ဆောင်ရွက်နေတဲ့ သက်မွေးဝမ်းကျောင်း ပညာသင်တန်းကျောင်း တိုးချဲ့ရေးအတွက် အသုံးပြုမှာဖြစ်တယ်လို့ BG သွေးကူညီရေးအဖွဲ့ တာဝန်ခံ ကိုညီညီက အာအက်ဖ်အေကိုပြောပါတယ်။