အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်
2012.05.13
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အပတ်တိုင်း ပုံမှန်တွေ့ဆုံနေကြ အစီအစဉ်အရ အခုတပတ်အတွက် မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဒေါက်တာကျော်ကျော်နဲ့ အင်းစိန်ထောင်က ကိုထွန်းမြတ်သူတို့ရဲ့ မိသားစုတွေကို ဂုဏ်ပြုလက်ဆောင်တွေကို ဒီကနေ့အခမ်းအနားမှာပဲ ပေးအပ်ခဲ့ပါတယ်။
ဒီဟောပြောပွဲက ဟောပြောချက်တွေ၊ မေးခွန်းနဲ့ ဖြေဆိုချက်တွေအပေါ် စုစည်းသုံးသပ်တဲ့ စာတမ်းတစ်စောင်ပြုစုပြီး အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီး၊ နိုင်ငံရေးပါတီတွေနဲ့လူထုအခြေပြု အဖွဲ့အစည်းနဲ့ပြည်သူလူထုအကြား စိမ့်ဝင်ပျံ့နှံ့အာင် ဖြန့်ချိပေးပို့မယ်လို့ သိရပါတယ်။
အခမ်းအနားကို မနက် ၈ နာခွဲကနေ ညနေ ၃ နာရီအထိ ကျင်းပခဲ့ရာမှာ ဟံသာဝတီသတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ဦးအေးသာအောင် ၊ ရွှေဝါရောင် သံဃာတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ အပါအဝင် စိတ်ဝင်စားသူ ပရိတ်သတ် အင်အား ၄၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။