ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ရက်တိုးပေး


2015.08.03
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တင်သွင်းရမယ့် နေ့ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောက်ထပ် ၆ ရက် ထပ်တိုးပေး လိုက်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။

အရင်က ကိုယ်စားလှယ်လောင်း တင်သွင်းမယ့်နေ့ရက်ကို သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားတင် ဖို့ ကြေညာထားရာကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ တင်သွင်းနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ရေကြီးရေလျှံပြီး သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမယ့်နေ့ရက်၊ အမည်စာရင်းရုပ်သိမ်းမယ့်နေ့ရက်နဲ့ အမည်စာရင်းစိစစ်မယ့်နေ့ရက် တို့ကို နောက်ထပ် ရက်တိုးပေးလိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် တင်ထားတဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း လျှောက်လွှာတွေကို ပြန်လည်ရုပ်သိမ်းနိုင်တဲ့ နေ့ရက်ကို အရင်က သြဂုတ်လ ၁၁ ရက်နေ့အထိ သတ်မှတ်ထားရာကနေ ၁၇ ရက်နေ့အထိဆိုပြီး ထပ်တိုးပေးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။