မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း မီးလောင်

2021.12.01
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း မီးလောင် ၂ဝ၂၁ ဒီဇင်ဘာ ၁ ရက်နေ့ညက မီးလောင်နေသည့် ယမ်ယမ်ခေါက်ဆွဲခြောက် စက်ရုံကို မီးသတ်သမားများမှ မီးငြှိမ်းသတ်နေသည့်မြင်ကွင်း။
Photo: Myanmar Fire Service Department

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း ယမ်ယမ်ခေါက်ဆွဲခြောက် စက်ရုံ မနေ့ည ၁၀ နာရီခွဲလောက်မှာ မီးလောင်ခဲ့ပါတယ်။

အရှိန်ပြင်းပြင်းနဲ့ လောင်ခဲ့ပြီး မနက် ၁နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သူတို့ရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ဘာကြောင့်မီးစလောင်တာလဲ၊ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

မီးလောင်တဲ့ ယမ်ယမ်ခေါက်ဆွဲ စက်ရုံကို ဦးဝေဖြိုး (ရသာချိုကုမ္ပဏီ)က ပိုင်ဆိုင်ပြီး သူဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်း (UMFCCI) မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။