မြန်မာစစ်ဗိုလ်ချုပ်တွေကို ICC မှာ တရားစွဲဆိုရေး Faith Coalition အဖွဲ့ ထောက်ခံ


2018.09.10
minaunghlaing-army-day-2018-622.jpg နေပြည်တော်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့ကကျင်းပတဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

အမေရိကန်အခြေစိုက် Faith Coalition အမည်ရှိ ဘာသာရေးအဖွဲ့ကလည်း ရခိုင်ပြည်နယ် ပြဿနာမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ICC နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုရေးအပေါ် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ နီကိုး အမ်းဘရော့စ် က

သမ္မတ အိုဘားမားလက်ထက်က မြန်မာအပေါ်  ပိတ်ဆို့အရေးယူထားတာတွေ ပြန်ရုတ်ပေးခဲ့ပါတယ်။ အကျိုးဆက် ကတော့ ရိုဟင်ဂျာ နဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေး ဖေါက်ဖျက်ကျူးလွန် ခဲ့ကြတာပါ၊ အခု ထရမ့်အစိုးရက မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ သတ်မှတ်လိုက်တာ၊ ပိတ်ဆို့အရေးယူတာတွေ ချမှတ်ခဲ့တာတွေအပေါ် ထောက်ခံပါတယ်လို့ ပြောဆိုခဲ့တာပါ။

ဒီအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး အချက်အလက် အထောက်အထားတွေ စုဆောင်းဖို့ အတွက် မြန်ဆန်ထိရောက်အောင် ဆောင်ရွက်နိုင်မယ့် နိုင်ငံတကာအဖွဲ့သစ်တရပ် ဖွဲ့စည်းစေလိုကြောင်း အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ် ဘက်ချလက် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။