ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြလုပ်သားများ ညှိနှိုင်းမှု ရရှိ
2012.07.07

RFA
ကျွမ်းကျင်အဆင့် အလုပ်သမား တစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ အရင်က (၈၆၀၀၀) ကျပ် ဖြစ်ပြီး၊မနေ့ညနေပိုင်းက နှစ်ဘက် ညှိနှိုင်းခဲ့ရာမှာ (၉၁၇၀၀) ကျပ်နဲ့ ပြေလည်မှု ရရှိသွားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင် မသက်သက်အောင်က RFA ကို ပြောပါတယ်။
"အားလုံးက သဘောတူပြီးတော့ ကျမတို့ ညနေ ၅ နာရီလောက်မှာ ၂ ဘက် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။"
ဖာမိုဆိုစက်ရုံမှာ ကျွမ်းကျင် အထည်ချုပ် အလုပ်သမား (၆၀၀) ကျော်ရှိပြီး၊ တောင်းဆိုဆန္ဒပြတဲ့ အလုပ်သမား ဦးရေကတော့ (၄၀၀) ကျော်ရှိပါတယ်။ ဒီစက်ရုံဟာ သက်တမ်း ဆယ်နှစ် (၁၀) ခန့်ရှိပြီး အနောက်တိုင်း ဝတ်စုံတွေကို အဓိကထား ချုပ်လုပ်တင်ပို့နေတာ ဖြစ်ပါတယ်။