တောင်သူလယ်သမားအရေး အဖွဲ့အစည်းတွေနဲ့ သမ္မတတွေ့ဆုံမည်
2013.02.03
တောင်သူတွေဆီက စပါးဝယ်ယူရာမှာ အာမခံဈေးနှုန်း သတ်မှတ်ထားတဲ့ ဥပဒေတစ်ရပ် ပြဌာန်းပြီး ဝယ်ယူဖို့ လိုတယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် တောင်သူလယ်သမားတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ကိုလည်း လွှတ်တော်က ရေးဆွဲပြဌာန်းနိုင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီအထဲမှာ လက်ရှိ တောင်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ရာသီဥတုဖောက်ပြန်လို့ အရှုံးပေါ်ပြီး အကြွေး မပေးနိုင်ရင် လယ်ယာမြေတွေကို ဘဏ်တွေ သိမ်းယူသွားမှာလား စိုးရိမ်မှု၊ သဘာဝဘေးအန္တရာယ်ဖြစ်လာရင် လယ်ယာမြေတွေ ပျက်စီးသွားနိုင်တဲ့အတွက် ပြန်လည်ထူထောင်နိုင်ဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကိုလည်း ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တာကြောင့် လွှတ်တော်တွေက ရေးဆွဲဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာစိုးထွန်းက ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတချို့က ကိုယ်စားလှယ် ၇၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားဆင်ရန် |
![]() |
အသံဖိုင်ရယူရန် |