တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြပွဲ စတင်

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးဆောင်တဲ့ တောင်သူလယ်သမားတွေရဲ့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

2012.07.15
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်က မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဦးဆောင်ပြီး တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲပြုလုပ်နေစဉ်။
RFA

ဒီဆန္ဒပြပွဲမှာ လယ်ယာမြေ အဓမ္မသိမ်းယူခံခဲ့ရတဲ့ တောင်သူ (၂၀၀) လောက် ပါဝင်ခဲ့ပြီး၊ လယ်သိမ်းခံရမှုတွေနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ကိုင်တွယ် ဆောင်ရွက်ချက်တွေကို မကျေနပ်လို့ အခုလို ဆန္ဒပြရတာလို့ တောင်သူတစ်ဦးက ပြောပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ မင်္ဂလာဒုံထောက်ကြန့်မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ကနေ ပြည်လမ်းအတိုင်း ချီတက်ခဲ့ကြပြီး၊ အမှတ် (၃) လမ်းမကြီးအနီးက ပန်းခြံတစ်ခုမှာ စုဝေးခဲ့ကြပါတယ်။

အဲဒီနောက် တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ ကဗျာ ရွတ်ဆိုမှုတွေ၊ ဟောပြောမှုတွေနဲ့အတူ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲဟာ နံနက် (၉)နာရီမှစတင်ခဲ့ပြီး (၁၁) နာရီမှာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။