မြေယာသိမ်းမှုတွေမပြေလည်တာ အုပ်ချုုပ်ရေးပိုင်းကအားနည်းမှု လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2014.09.10
dassk-parliment-305.JPG ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ ကနေ့ ရင်ဆိုင်နေကြရတဲ့ လယ်သိမ်းယာသိမ်း ကိစ္စ ရပ်တွေမှာ ပြေလည်မှုမရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ်ကျခံနေရ တာတွေဟာ အုပ်ချုုပ်ရေးပိုင်းက စီမံခန့်ခွဲမှုအား နည်းချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အာအက်ဖ်အေရဲ့ အပတ်စဉ် ကဏ္ဍတစ်ခု ဖြစ်တဲ့  “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက် မေးမြန်းရာမှာ အခုလို ပြော သွားတာဖြစ်ပါတယ်။

" လယ်တွေပေ့ါနော် ပြန်ပြီးပေးဖို့ မူလ ပိုင်ရှင်တွေကို ဘယ်လိုဘယ်လိုအခြေအနေ မျိုးဆိုရင် ပြန်ပေးမှာလည်းဆိုပြီးတော့ လွှတ်တော်ကတော့ အကြံပြုတယ်၊ ဒါပေမဲ့ လွှတ်တော်ကတော့ အကြံပေးတာပဲရှိတယ်၊ ဒီဟာကို အကောင်အထည်ဖေါ်ဖို့ဟာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင် အထည်ဖေါ်ရမှာပေါ့ "

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲအတွက် ပီအာစနစ်အသုံးပြုဖို့ ကြိုးပမ်းချက်တွေ အရှိန် မြင့်တက်လာနေတာ ဘယ်လိုသဘောရပါသလဲလို့ မေးတဲ့အခါမှာ ဒီလိုရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ပြည်သူပြည် သားတွေရဲ့ လိုလိုလားလား တောင်းဆိုချက်အရသာ ဖြစ်သင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူး ဆိုတဲ့ကိစ္စကို သူ့အနေနဲ့ကျေနပ်ကြောင်း စသဖြင့်လဲ ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။