လယ်ယာမြေအငြင်းပွားမှု တိုင်ကြားစာ နှစ်သောင်းကျော် လက်ခံရရှိ
2014.07.10

လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော် မရှင်ထံ လယ်ယာမြေအငြင်းပွားမှုနဲ့ပတ်သက်တဲ့ တိုင် ကြားစာပေါင်း နှစ်သောင်းကျော်ရောက်ရှိနေကြောင်းနဲ့ အစိုးရက ဖြေရှင်းပေးထားတာ ၈၀၀ ကျော်လောက်သာ ရှိကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင် က တင်ပြခဲ့ပါ တယ်။
လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၄ကို ကော်မရှင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က အခုလိုတင်ပြခဲ့တာဖြစ်ပါတယ်။
"တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ ယခုအချိန်ထိ တိုင်ကြားစာစုစုပေါင်း ၂၆၃၇၁ စောင်ကော်မရှင် သို့ ရောက်ရှိပြီးဖြစ်ပါသည်၊ ကော်မရှင်က တင်ပြ သည့်အပေါ် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူ ပြီး မြေသိမ်းဆည်းခံရသူများ နစ်နာမှှုမရှိစေရေး အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်ဖြစ်ပါသည်၊ လွှတ်တော် က အတည်ပြု ဆုံးဖြတ်ထားသော ဆုံးဖြတ် ချက်များမှာ ပကတိအခြေအနေတွင် အောက်ခြေမှာ အရာမထင် ပဲ ထိရောက်သော ဖြေရှင်ပေးနိုင်မှှုများ မရှိကြောင်းတွေ့ရှိရပါသည်”
ဒါ့အပြင် တစ်နိုင်ငံလုံးက မြေယာသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဖြေ ရှင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရနဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတွေ ထံ နိုင်ငံတော်သမ္မတက ညွှန်ကြားထားပေမယ့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်းလည်း တင်ပြ ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။