ဖမ်းဆီးခံတောင်သူတွေ ကို ပြန်လွှတ်ပေးဖို့ ပုသိမ်မှာ လယ်သမားများ ဆန္ဒပြ


2013.09.12

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်း၊ ငပုတောမြို့နယ်အပါအဝင် မြို့နယ် ခုလောက်က ထောင်ဂဏန်းနီးပါးလောက် ရှိတဲ့ လယ်သမားတွေဟာ ပုသိမ်မြို့ မြို့တော်ခန်းမရှေ့ကနေ မြို့နယ်တရားရုံးရှေ့အထိ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုဆန္ဒပြရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား ဦးအောင်အောင်က RFA ကို အခုလို ပြောပါတယ်။

ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးထားတဲ့လယ်သမားတွေကို ပြန်လွှတ်ပေးရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြရခြင်းဖြစ်ပါတယ်”

ဒီနေ့ဆန္ဒပြပွဲကို မော်လမြိုင်ကျွန်း၊ ငပုတော၊ ကန်ကြီးထောင့် ၊ မြောင်းမြ၊ ငွေဆောင်မြို့ နယ်စတဲ့ မြို့နယ်များက လယ်သမားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။