ခေါင်းငုံမခံတဲ့ လယ်သမားတွေ အသိမ်းခံမြေတွေ ပြန်လည်ရရှိ
2011.05.22
ဒါ့အပြင် ဇေကမ္ဘာ ကုမ္ပဏီက ပေးတဲ့ လျော်ကြေးယူထားတဲ့ လယ်မြေဧက ၈ဝဝ ကျော်ထဲက လယ်သမားတွေ နာမည် ပေါက်တဲ့ လယ်ယာမြေတွေကိုလည်း လယ်သမားတွေရဲ့ နာမည်နဲ့ပဲ သီးစား ပြန်တင်ခိုင်းတယ်လို့ သိရပါတယ်။
ပေါင်းကူကျေးရွာနဲ့ ဘားလားကျေးရွာ အကြားက လယ်မြေတွေမှာ လုပ်ကိုင်နေတဲ့ လယ်သမားတွေကို တဧက ငွေ ၃ သိန်း၊ နွေစပါးစိုက်တဲ့ လူတွေကို ငွေ ၄ သိန်း ပေးပြီး ဝယ်ယူတဲ့ သတင်းကို အာအက်ဖ်အေက မတ်လ က ထုတ်လွှင့်ခဲ့ပြီး မေလ မှာတော့ ဒီ လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေးခဲ့တဲ့အပြင် လယ်သမား ၆၄ ယောက်ကို ခေါ်ယူ စစ်ဆေးတာကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။
ဒီနောက် မေလ ဆန်းပိုင်းမှာ လယ်သမားတွေကို လယ်စိုက်ခွင့် ပြန်ပေးလိုက်တဲ့အတွက် တချို့ လယ်သမားတွေ စတင် ထွန်ယက်နေကြပြီလို့ သိရပါတယ်။
လယ်သမား ၁၂ဝ လောက် ထွန်ယက် လုပ်ကိုင်နေတဲ့ လယ်ဧက တထောင်ကျော်ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူပြီး စက်မှုဇုံအဖြစ် အကောင်အထည် ဖော်ရာမှာ မတန်တဆ ဈေးပေးပြီး ဝယ်ယူတာကို လယ်သမား ၁ဝ ယောက် လောက်ကသာ လက်မခံဘဲ တင်းခံခဲ့တာပါ။ အများစုကတော့ အရှိန်အဝါကို ကြောက်လို့ လျော်ကြေး ယူလိုက်ရပေမယ့် ကိုယ့်လယ်မှာ ကိုယ် ထွန်ယက် စိုက်ပျိုးချင်ကြတဲ့အကြောင်း လယ်သမားတွေက ပြောပါတယ်။
ဇေကမ္ဘာ ကုမ္ပဏီဟာ စက်မှုဇုံ ထူထောင်ဖို့အတွက် လျှပ်စစ်မီးတိုင်တွေ ထူပြီး လမ်းတွေ ခင်းနေပါတယ်။ လယ်သမားတွေက တိုင်ကြားလို့ သက်ဆိုင်ရာက စစ်ဆေးချိန်အထိ မီးတိုင်တွေ ဆက်ထူ၊ လမ်းတွေ ဆက်ခင်း နေပေမယ့် ခုတော့ ဒီလုပ်ငန်းတွေ ရပ်သွားပြီလို့ သိရပါတယ်။