ဝါဝါဝင်းကုမ္ပဏီကို ဆန္ဒပြနေကြတဲ့ လယ်သမားတွေ နားလိုက်ပြီ
2012.12.14

Photo: RFA
ဆန္ဒထုတ်ဖော်မှု ရုပ်သိမ်းလိုက်တာဟာ ကုမ္ပဏီနဲ့ ဆန္ဒပြသူ နှစ်ဦးနှစ်ဖက်အပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ မေတ္တာရပ်ခံချက်ကြောင့်ဖြစ်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုက RFA ကို ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၃ ရက်မွန်းလွဲပိုင်းမှာ လယ်ယာမြေစုံစမ်းစစ်ဆေးရေးရုံးမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ရန်ကုန်တိုင်း အဖွဲ့ဝင် ၇ ဦး၊ တိုင်ကြားထားတဲ့ လယ်သမား ၃ဝ ကျော်နဲ့ ဝါဝါဝင်းကုမ္ပဏီ အထွေထွေမန်နေဂျာတို့ ဆွေးနွေးခဲ့ကြအပြီး လယ်သမားတွေ တိုင်ကြားထားတဲ့အချက်တွေကို စစ်ဆေးခဲ့ပြီးနောက် ဒီလို သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။