ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


2015.09.26
govt-army-620.jpg ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေအကြား ဒီနေ့ ၃ နေရာမှာ တိုက်ပွဲတွေဖြစ် ပွားခဲ့ပါတယ်။

မန်စီမြို့နယ်အတွင်းမှာရှိတဲ့ ကေအိုင်အို တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၁၊ တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ နေရာတွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်လာတာကြောင့် ဒီနေ့ တိုက်ပွဲတွေဖြစ်တယ် လို့ ကေအိုင်အို တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင်က RFA ကို ပြောပါတယ်။

ဒီနေ့ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှု အသေးစိတ်အခြေအနေ မသိရသေးဘူးလို့လည်း ဗိုလ်မှူး ဂျွန်အောင်က ပြောပါတယ်။ မန်စီမြို့နယ်အတွင်းမှာ သြဂုတ်လ လဆန်းပိုင်းကစလို့ နှစ်ဘက်တိုက်ပွဲတွေ ဖြစ် လာတာ အခုရက်ပိုင်းမှာတော့ အရင်ထက် တိုက်ပွဲတွေ ပိုစိတ်လာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄ဝဝ လောက်က နီးစပ်ရာ ဒုက္ခသည် စခန်းတွေမှာ တိမ်းရှောင်နေကြရဆဲလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။