ကရင်နီဒုက္ခသည်စခန်း မီးလောင်

ကယားပြည်နယ် တဖက်ကမ်း ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်ခရိုင်မှာ ရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာ ဒီကနေ့မနက် ၄ နာရီလောက်က မီးလောင်မှုတရပ် ဖြစ်ပွားခဲ့ပါတယ်။

2011.03.12

ဒုက္ခသည်စခန်းက အိမ်ခြေ ၂ဝ နဲ့ စာသင်ကျောင်းတကျောင်း မီးလောင် ပျက်စီးသွားပြီး မီးထပ်ပြီး မကူးစက်ဖို့အတွက် အနီးအနားက အိမ်ခြေ ၂ဝ ကိုလည်း ဖျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ စုစုပေါင်း အိမ်ခြေ ၄ဝ ပျက်စီးသွားပြီး မီးဘေးဒုက္ခသည် ၁ ရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ကရင်နီ လူမှုဖွံံ့ဖြိုးရေးဌာန တာဝန်ခံ ဦးခူးရယ်စိုးဝင်း က ကရင်နီ ဒုက္ခသည်စခန်းမှာ ရေရှားပါးတဲ့အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“ဒုက္ခသည်စခန်းထဲမှာ မီးဘေးဒုက္ခသည်ဘဝ ထပ်ရောက်လာတော့ ဒုက္ခနှစ်ခု ထပ်ခံနေရတာပေါ့။ အိမ်တွေက စိတ်တယ်။ နောက် ရေလည်း မလုံမလောက် ဖြစ်နေတယ်။ အားလုံး စိုးရိမ်နေကြတာပေါ့ မျှော်လင့်ချက်က သိပ်မရှိဘူး”

ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာ အိမ်ခြေ သုံးထောင်ကျော် ရှိပြီး မြန်မာနိုင်ငံ ကယားပြည်နယ် အတွင်း စစ်အစိုးရတပ်ဖွဲ့တွေရဲ့ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာသူတွေ ခိုလှုံေနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။