ရန်ကုန်-မန္တလေး အမြန်လမ်းမက ရဲငါးဦး ပစ်ခတ်ခံရလို့ သေဆုံး

2021.11.09
ရန်ကုန်-မန္တလေး အမြန်လမ်းမက ရဲငါးဦး ပစ်ခတ်ခံရလို့ သေဆုံး အမြန်လမ်းမကြီးမှာ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၁၁၀ ဇဟားလုံခြုံရေးရဲကင်း ဒီနေ့မနက်က တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးသွားကြောင်း စစ်ကောင်စီက အတည်ပြုပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ M16 အမျိုးအစား လက်နက်တစ်လက်လည်း သိမ်းယူသွားတယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ပြန်ကြားရေ ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ဖြစ်စဉ် မှန်ကန်ကြောင်းနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးတာ မှန်ကန်ပါတယ်"

ပစ်ခတ်ခံရတဲ့ ဇဟားလုံခြုံရေးရဲကင်းဟာ ဒီနေ့မနက်ပိုင်းက ယာဉ်မတော်တဆမှုတွေ ကူညီရေးနဲ့ လုံခြုံရေး တာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်နေတာလို့ ပြောကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမြန်လမ်းမပေါ်မှာ ဒီနေ့မနက်က ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာဟာ ယခုပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။