ဒုဌဝတီမြစ်ရေကြီးမှု ကျေးရွာ များ ပြောင်းရွှေ့
2013.09.12

photo: RFA/ Moe Thu Aung
မြန်မာနိုင်ငံအထက်ပိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဒုဌဝတီမြစ်ရြေကီးပြီး မြစ် ကမ်းဘေးနားတစ်လျှောက် ကျေးရွာတချို့ မနေ့ညကနေ စပြီး ပြောင်းရွှေ့နေရပါတယ်။
ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ပတ်သက်ြပီး အမရပူရမြို့နယ် ချမ်းမြေ့ပါလ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက RFA အခုလိုပြောပါတယ်။
“ကျနော်တို့ မြစ်ရိုးတစ်လျှောက်ကရွာတွေ ရေကြီး ဒဏ်ခံရတာပေါ့၊ ရွာကတော့ေတာ်တော်များတယ်၊ ရွာပေါင်း ၅ဝ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်”
ဒေသခံတချို့ဟာ စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေရပါတယ်။ ဒါ့အပြင် မြစ်ရေတက်တဲ့အတွက် အမရပူရမြို့မှာရှိတဲ့ ယက္ကန်းလုပ်ငန်းတွေကို ပိတ်ထားရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။