သက္ကရာဇ်၂ဝ၃ဝ မှာ နိုင်ငံခြားမြုှပ်နှံမှု ဘီလီယံ ၁ဝဝ ရရှိနိုင်
2016.12.20

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး တိုးတက်မှုကို ဖြစ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် လာမယ့် ၂ဝ၃ဝ ခုနှစ်အရောက်မှာ နိုင်ငံခြားက တိုက်ရိုက်လာရောက်မြုှပ်နှံမှုငွေပမာဟာ ကန်ဒေါ်လာ ဘီလီယံ ၁ဝဝ အထိ ရှိလာနိုင်တယ်လို့ နိုင်ငံတကာ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်တဲ့ McKinsey မက် ကင်းဇီ အဖွဲ့က ခန့်မှန်းထားကြောင်း ဗြိတိန်အခြေစိုက် FDI သတင်းစာက ဒီဇင်ဘာ ၂ဝ ရက်မှာ ဖေါ်ပြခဲ့ပါတယ်။
မြန်မာနဲ့ ဂျပန် အစိုးရပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန် သီလဝါစက်မှုဇုံမှာ တိုင်းပြည် ၁၆ ခုက ကုမ္ပဏီ ၇၈ ခု လာရောက်လုပ်ကိုင်နေပါတယ်။ ဟက်တာ ၄ဝဝ ကျယ်ဝန်းတဲ့ အဲဒီ စီးပွားရေးဇုံမှာ နိုင်ငံခြားကလာရောက်မြုှပ်နှံ မှုငွေ ပမာဏဟာ အခုအချိန်ထိ အမေရိကန် ဒေါ်လာသန်း တထောင်ခန့်ရှိပြီး အမေရိကန်ပြည်ထောင်စုက မြန် မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လွန်ခဲ့တဲ့ မေလက ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံခြားမြုှပ်နှံမှုတွေ သိသိသာသာ တိုးတက်လာတယ်လု့ိလည်း ဆိုပါတယ်။