စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယား လာဖို့ ဝန်ကြီးချုပ် ဟွန်ဆန် ဖိတ်ကြားမည်

2021.12.03
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယား လာဖို့ ဝန်ကြီးချုပ် ဟွန်ဆန် ဖိတ်ကြားမည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်အပတ်မှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ကြာသပတေးနေ့ မနေ့က ပြောကြား ခဲ့ပါတယ်။

မစ္စတာဟွန်ဆန်က သူ့အနေနဲ့ ရှေ့တစ်ပတ် တနင်္လာနဲ့ အင်္ဂါနေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်ဖို့ ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမှာဖြစ်သလို သူကိုယ်တိုင်လည်း မြန်မာနိုင်ငံကို လာရောက်ဖို့ ပြင်ဆင်နေ တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်မယူခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာမယ့်နှစ်မှာလွဲ ပြောင်း ရယူရမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဆန္ဒပြတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ အာဆီယံ နိုင်ငံတွေက မြန်မာစစ်ကောင်စီခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ခွင့်ပိတ်ပင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။