မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ကွယ်လွန်

RFA Burmese
2024.01.17
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ကွယ်လွန် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်ကို နေပြည်တော် Kempinski ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ဟာ ဇန်နဝါရီလ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားတယ်လို့ မွန်ပြည်သစ် ပါတီဝင်တွေနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရွယ်ရှိပြီဖြစ်တဲ့ နိုင်ထောမွန်ဟာ ဒီနေ့မနက် ၇ နာရီက ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ မွန်ပြည်သစ်ပါတီရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျန်းမာရေး သိပ်မကောင်းဘူးလို့ ကြားတယ်။ ထိုင်းနိုင်ငံကိုဆေးကုဖို့ ရောက်နေတဲ့အချိန် ဆေးရုံမှာပဲ လူကြီးရောဂါနဲ့ ဆုံးသွားတာ”

စျာပန အခမ်းအနားကိုတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းဒေသမှာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။

နိုင်ထောမွန်ဟာ ၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီရဲ့ လေးဦးမြောက် ဥက္ကဋ္ဌဖြစ်လာခဲ့သူပါ။

၂၀၂၀ ပြည့်နှစ် မွန်ပြည်သစ်ပါတီ ဆယ်ကြိမ်မြောက် ညီလာခံမှာတော့ ကျန်းမာရေးကြောင့် အနားယူခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်ကို နိုင်ဟံသာကို လွှဲပြောင်းပေးခဲ့ပါတယ်။

နိုင်ထောမွန် ဥက္ကဋ္ဌဖြစ်ပြီးနောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ မွန်ပြည်သစ်ပါတီက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။