နိုင်-ကျဉ်းဟောင်းများအစည်းအရုံးက ပညာသင်ထောက်ပံ့မှု ပိုပေးမည်


2014.06.15
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး တက္ကသိုလ် ပညာရေးဆက်ပြီးတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်း သူ ကျောင်းသားတွေကို နိုင်ငံရေးအကျဉ်းသားဟောင်း များ အစည်းအရုံးက ပညာသင်ထောက်ပံ့ကြေး တစ်ဦးကို တစ်လ တစ်သိန်းခွဲကနေ နှစ်သိန်းအထိ ကူညီသွားမယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်း များ အစည်းအရုံးက ကျောင်းသား ၁၃ ယောက်ကို ပညာသင်ထောက်ပံ့ကြေးပေးထားတယ်လို့ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြော ပါတယ်။

"လောလောဆယ်တော့ ဦးရေ မကန့်သတ်ထားပါဘူး၊ မှတ်ပုံတင်ကျလာမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာပါ၊ အခုတော့ လုပ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့က ဖိတ်ခေါ်နေပါတယ်၊ လောလောဆယ် လာလျှောက်တဲ့သူတွေက ၁၃ ဦးပဲရှိလို့ ၁၃ ဦးကိုတော့ ပညာသင်စရိတ်တွေ ထုတ်ပေးလျှက်ရှိပါတယ်၊ သူတို့ရဲ့ ကျောင်းဝင်ကြေး၊ အဆောင်ငှားခ၊ ကျူရှင်ကြေး၊ နေစရိတ် စားစရိတ်ပေါ့လေ၊ အဲဒီအကုန်လုံးကို တာဝန်ယူရတဲ့အတွက်ကြောင့် ကျပ် ၁ သိန်းခွဲကနေ ၂ သိန်းအထိ ကူညီထောက်ပံ့ပေးပါတယ်"

ပညာသင်ထောက်ပံ့ကြေးကိုတော့ တက်ရောက်မယ့်ကျောင်းနဲ့ လိုအပ်ချက်ပေါ် တွက်ချက်ပေးမှာဖြစ်ပြီး  လက်ရှိအချိန်ထိတော့ လူဦးရေကန့်သတ်မထားဘူးလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကူညီသွားနိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။