ကျောက်တော်ဒေသခံ ၃ ဦးကို တရားမဝင် ဆန္ဒပြမှု နဲ့ ထောင်ဒဏ်တွေ ချမှတ်


2013.09.05
sittwe-prison-620.jpg စစ်တွေအကျဉ်းထောင်ပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေကို အစိုးရက လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးတဲ့ အစီအစဉ် ကို ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသူ ၄ ဦးကို ဒီနေ့ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကျောက်တော်ဒေသခံတွေဖြစ်တဲ့ ဒေါ်လှမေ ၊ ဒေါ်တင်တင်အေး၊ ဦးမောင်သိန်းလှိုင်နဲ့ ဦးမောင်ဝင်းတို့ကို တရားမဝင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ နဲ့ ချမှတ်ခဲ့တာပါ။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစောငြိမ်းက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့မှာ ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးတင်တယ်၊ ရုံးတင်ပြီး တခါတည်းအမိန့်ချတယ်၊ ပုဒ်မ ၁၈ နဲ့ ၃ လ ထောင်ဒဏ်ချခဲ့တယ်ခင်ဗျ၊ ညနေ ၅ နာရီခွဲမှာ သူတို့ကို ကျောက်တော်ကနေ စစ်တွေကိုပို့တယ်"

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က မွတ်စလင်ဒုက္ခသည်တွေအတွက် အစိုးရက လုံးချင်းနေအိမ်အစီအစဉ်ကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ တောင်ကုတ်စတဲ့မြို့နယ်က ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒပြတာကို ဦးဆောင်ခဲ့ကြသူ ၁ဝ ဦးကျော်ကို ပုဒ်မ-၁၈ နဲ့ တရားစွဲဆိုခံပြီး ဒီနေ့ ၄ ဦးကို ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။